၁-၁ဝ-၂ဝ၂၁ ရက်နေ့၊ နံနက်(ဝ၈းဝဝ)နာရီအချိန်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို များနေ့အထိမ်းအမှတ် အခမ်းအနားအားကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို COVID ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ တောင်ဝိုင်းဘိုးဘွားရိပ်သာမှ ဘိုးဘွား(၂ဝ)ဦးမှ ကန်တော့ခံဘိုးဘွားများအဖြစ်တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ်အတွင်းရှိ အသက်အကြီးဆုံး အဘိုး(၁)ဦး၊ အဘွား(၁)ဦးအား ဂုဏ်ပြုငွေကျပ် (၁ဝဝ,ဝဝဝိ/-)၊ မြို့နယ်(၁ဝ)မြို့နယ်မှ သက်ကြီးဘိုးဘွား (၃၁)ဦး၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဘိုးဘွား(၂၂)ဦး၊ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၊ မုဒုံဘိုးဘွားရိပ်သာ၊ သံဖြူဇရပ်ဘိုးဘွားရိပ်သာ၊ သထုံဘိုးဘွားရိပ်သာများမှ စုစုပေါင်းဘိုးဘွား(၁၁၂)ဦးကို တစ်ဦးလျှင်ကျပ်(၅ဝ,ဝဝဝိ/-)နှုန်းဖြင့် ထောက်ပံ့ပေးအပ် ခြင်း၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှလှူဒါန်းသည့် ကျပ်(၁၃,ဝဝဝိ/-)တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်း(၁၁)မျိုးပါ Hygiene Parcel များအား ဂါရဝပြုပေးအပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR