မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍  မော်လမြိုင်မြို့၊   ချောင်းဆုံမြို့၊  သံဖြူဇရပ်မြို့တို့မှ မူလတန်းကြိုကျောင်း (၅) ကျောင်းမှ သားငယ်/ သမီးငယ်များ၊မော်လမြိုင်လူငယ်သင်တန်းကျောင်းမှကျောင်းသားများ ပူးပေါင်းပါဝင်၍  မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို (၁၀.၂.၂၀၂၃) ရက်နေ့တွင် နံနက် (၀၉:၀၀) နာရီအချိန် မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး  ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး  မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ  ကျောင်းသားလေးများက “ တို့ချစ်တဲ့ ကမ္ဘာမြေ ” တေးသီချင်းဖြင့်ဖျော်ဖြေပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင်များ  ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် အမှတ် (၁) မူလတန်းကြိုကျောင်းများမှ  သားငယ်၊ သမီးငယ်လေးများက " အလှကမ္ဘာမြေ " တေးသီချင်းဖြင့်လည်းကောင်း၊  အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက " စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့်လည်းကောင်း၊ အမှတ် (၃) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက “ ဘွန္တော ” တေးသီချင်းဖြင့်လည်းကောင်း၊ သံဖြူဇရပ်မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ” တေးသီချင်းဖြင့်လည်းကောင်း၊ ချောင်းဆုံမူလတန်းကြို ကျောင်းမှ သမီးငယ်လေးများက “ မှုံရွှေရည် ” တေးသီချင်းဖြင့်လည်းကောင်း  အသီးသီးတေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြရာ  တက်ရောက်လာကြသော ဧည့်သည်တော်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။  ထို့နောက် မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများက “ လောကကြီးရဲ့ မောင်းနှင်အား ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဂုဏ်ပြုဆုလက်ခံ ရယူကာ အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊  ဌာနငယ်/ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများ၊ ရင်သွေးငယ်လေးများ၏ မိဘများ၊ ကပြဖျော်ဖြေတင်ဆက်သည့် ရင်သွေးငယ်လေးများစုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR