(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မော်လမြိုင် လူငယ်သင်တန်းကျောင်းမှ ဘင်္ဂါလီကလေး(၈၉) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ပါသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် ဘင်္ဂါလီကလေး (၈၉) ဦးအား မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးမှ (၅.၁.၂၀၂၄) တွင်တွေ့ဆုံ၍ နေရပ်ပြန်လည်စေလွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်၍ ဆုံးမစကားပြောကြားခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR