မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို (၁၇-၆-၂၀၂၁)ရက်နေ့တွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြီး တက်ရောက် လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR