စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ၅-၁၂-၂၀၂၅ရက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်စောင့်ရှောက်မှုအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းများမှ ကလေးမိဘများ တက်ရောက်ခဲ့ကြ သည်။

 အခမ်းအနား၏ဆောင်ပုဒ်မှာ "အမျိုးသမီးများအ‌ပေါ်ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက် ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး" ဖြစ်သည်။ အခမ်းအနားတွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက Fitness danceဖြင့် ကပြဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဦးပန်းကိုင်မှ (၁၆) ရက်တာလှုပ်ရှားမှု ကျင်းပရခြင်းအကြောင်းကိုလည်းကောင်း၊ ဦးဇော်ထက်မြတ်မှ Gender Base Violence (ကျား/မအခြေပြုအကြမ်းဖက်မှု) (၆)မျိုး အကြောင်းလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးမှ အကြမ်းဖက်မှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း ဆွေးနွေးရှင်းပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဈေးနှုန်းချိုသာစွာဖြင့် အဝတ်အထည်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှ ထုတ်ကုန်များကိုလည်းကောင်း ဈေးနှုန်းရောင်းချပေးခဲ့ကြသည်။ အခမ်းအနားတွင် ပန်းအလှဆင်နည်းကိုလည်း တက်ရောက်လာကြသော အမျိုးသမီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး Fitness Dance အကဖြင့် အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR