(၄-၁၀-၂၀၂၁)ရက်နေ့၌ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် မုံရွာခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စစ်ကိုင်းတိုင်းအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်နှင့် ဘုတလင်မြို့နယ်များမှ စေတနာ့ဝန်ထမ်းများသို့ တာဝန်ရှိသူအသီးသီးက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR