လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၃-၂၀၂၃)ရက်နေ့၌ အချိန်အခါ မဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားသောလေဘေးတွင်ပဲခူးတိုင်း ဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိကျေးရွာအုပ်စု(၇)အုပ်စုကျေးရွာ(၁၆)ရွာတို့၌ပြိုလဲပျက်စီးလူနေအိမ်(၁၅)လုံး၊အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့်အမိုးလန်လူနေအိမ်(၁၂၁)လုံးတို့ အတွက်ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၆၈၈၅၀၀၀ိ/-)ကျပ်၊အိမ်ထောင်စု(၁၂၁)စုရှိ လူဦးရေ(၅၀၂)ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၅၄၂၀၀ိ/-)ကျပ်၊စုစုပေါင်း ထောက်ပံ့ငွေ(၇၉၃၉၂၀ဝိ/-)ကျပ်နှင့်ပြိုလဲနေအိမ်(၁၅)လုံးရှိအိမ်​ထောင်စု(၁၅)စုတို့အတွက် လေးထောင့်ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၅)ပုံးနှင့်စက္ကူပုံး(၁၅)ပုံးတို့အား (၂၉-၃-၂၀၂၃)ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။


Source : DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR