မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂.၆.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသွားပါသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများက မိမိတို့ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ရှေ့လုပ်ငန်းစဉ်များချမှတ်ကြပြီး၊ မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် လူမှုရေးရာဝန်ကြီးသည် မူလတန်းကြိုကျောင်းအမှတ် (၁) မော်လမြိုင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစည်းအဝေးသို့ မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။ 







နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR