စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်မူလတန်းကြိုကျောင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့က (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အကြိုအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ သားငယ်/သမီးငယ်လေးများ၊ မိဘများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သားငယ်/သမီးငယ်လေးများမှ ကဗျာ၊ သီချင်းများဖြင့် တင်ဆက်ကပြခြင်း၊ ကစားနည်းများဖြင့် ပျော်ရွှင်စွာကစားပြခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR