လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၀)ရပ်ကွက်၊ အပိုင်း(၂)၊ ပဲခူးမြစ်လမ်းသွယ် (၂)လမ်းနှင့် စွယ်တော် (၂)လမ်းတွင် (၅-၃-၂၀၂၂) ရက်နေ့၊ (၀၅း၁၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်အိမ်ခြေ (၃၁)လုံးမီးဘေး သင့်ခဲ့ပြီး၊ အိမ်ထောင်စု (၃၁) စုမှ လူဦးရေ (၁၃၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန်  အိမ်ထောင်စု (၁) စုစာအတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ (၁၃၁) ဦးအတွက် Mask (၂၆၂) ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၆-၃-၂၀၂၂) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR