၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ  (၁၈)ရက်နေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းရုံးလက်အောက်ရှိ   စစ်ကိုင်းမူလတန်းကြိုကျောင်း၏   ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားကို စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ   ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စစ်ကိုင်းမျက်မမြင် ကျောင်းမှကျောင်းအုပ် ဆရာမကြီး ၊ စစ်ကိုင်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဝန်ထမ်းများ ၊ မိဘဆရာ အသင်းအမှုဆောင်များ၊ ကျောင်းသားမိဘများ  တက်ရောက်ခဲ့ ကြပါသည်။

            ပထမဦးစွာ စစ်ကိုင်းမူလတန်းကြိုကျောင်းမှ သားငယ်/ သမီးငယ်လေးများမှ  ပြည်ထောင်စုအင်အားသီချင်းဖြင့် ကပြဖျော်ဖြေ၍   ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နောက် အကြီးဆင့်  သားငယ်/ သမီးငယ်များမှ     ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ တန်ဂရမ်ဆက်ပြိုင်ပွဲ၊ ဂေါ်လီလုံးရေတွက်ပြိုင်ပွဲ၊ အသီးနှံရွေးပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ဆက်လက်၍ အငယ်ဆင့်သားငယ်/ သမီးငယ်လေးများမှ   ဘောလုံးညှပ်ပြေးပြိုင်ပွဲ၊ ဘောလုံးအရောင်ရွေးပြိုင်ပွဲ၊ သားရေကွင်းပိုက်ဆယ်ပြေးပြိုင်ပွဲ၊ အရုပ်ပိုက်ပြေးပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက်တွင် အလတ်ဆင့်သားငယ်/ သမီးငယ်များမှ အုပ်စုလိုက် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊  ခါးလှည့်ကွင်းစွတ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ 

             ဆက်လက်၍ ဆုရရှိသည့်  သားငယ်/ သမီးငယ်လေးများနှင့်  ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော သားငယ်/ သမီးငယ်များအား တက်ရောက်လာသော ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးများမှ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအပြီးတွင် စစ်ကိုင်းမူလတန်းကြိုကျောင်း၏  သားငယ်/ သမီးငယ်လေးများမှ  အချိန်ဆိုသည်မှာ သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး  အခမ်းအနားအား  နံနက်  (၁၁:၀၀) တွင်  အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR