၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဂုဏ်ပြုအကြိုလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မူလတန်းကြိုကျောင်းပေါင်းစုံ ကာယစွမ်းရည်ပြိုင်ပွဲကို (၄.၂.၂၀၂၂) ရက်နေ့တွင် အမှတ်(၂၂)၊ ကမ္ဘောဇလမ်း၊ ဗဟန်းမြို့နယ်ရှိ မူလတန်းကြိုကျောင်းအမှတ်(၁) ၌ ကျင်းပခဲ့ရာ မူလတန်းကြိုကျောင်း (၂၄) ကျောင်းတို့မှ သားငယ် (၇၂) ဦး၊ သမီးငယ် (၇၂) ဦး စုစုပေါင်း (၁၄၄) ဦးတို့အား ရိုးရိုးပြေး (ကျားကြီး/မကြီး)၊ ရိုးရိုးပြေး (ကျားငယ်/မငယ်) နှင့် အရုပ်ထောင်ပြေး (ကျားငယ်/မငယ်) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ကလေးများအတွက် ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR