ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၆-၂-၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး၊ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

              ထို့နောက်တက်ရောက်လာသော အဖွဲ့ဝင်များက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။  

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR