တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟိုင်နန်မြို့တွင်ကျင်းပလျက်ရှိသည့်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံ များ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅တို့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဆက်လက်ပါဝင်တက်ရောက်လျက်ရှိပါသည်။

၆-၁၁-၂၀၂၅ရက်နေ့ မွန်းလွဲပိုင်းတွင်ဝန်ကြီးများအဆင့်ညီလာခံဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်Mr. Zhang Guoqingက ညီလာခံတက်ရောက်လာကြသော ဝန်ကြီးများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများမှ ဝန်ကြီးများက နိုင်ငံအလိုက် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာမိန့်ခွန်းများ အသီးသီးပြောကြားကြပါသည်။ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပဋိဉာဉ်ကို ကမ္ဘာလုံးဆိုင်ရာမူဘောင်များဖြစ်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SustainableDevelopment Goals- SDGs) နှင့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်တို့နှင့်အညီ ရေးဆွဲထားပြီးဖြစ် သည့်အတွက် မြန်မာနိုင်ငံသည်လည်း အခြားသောအဖွဲ့ဝင်နိုင်ငံများနည်းတူလိုက်ပါဆောင်ရွက် လျှက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၂၅) နိုင်ငံမှရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များလာရောက်ကူညီဆောင်ရွက်ပေး သကဲ့သို့ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အိမ်ရာများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ အပါအဝင်ဘက်စုံ ပြန်လည်ထူထောင်‌ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုနိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာရပ်များ၊ AI နည်းပညာများ ပိုမိုအသုံးချဆောင်ရွက်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းထည့်သွင်း ပြောကြားခဲ့ပါသည်။အစည်းအဝေးအပြီးတွင် ဝန်ကြီးများအဆင့်ညီလာခံ၏ပူးတွဲထုတ်ပြန်ချက်ကိုအတည်ပြုထုတ်ပြန်ခဲ့ကြပါသည်။

၇-၁၁-၂၀၂၅ နေ့နံနက်ပိုင်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီခန့်ခွဲမှု (Disaster management)၊လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး (Work Safety)နှင့်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) ဟူသည့်ခေါင်းစဉ် (၃) ခုဖြင့်ဆွေးနွေးပွဲများကိုဆက်လက်ကျင်းပရာပြည်ထောင်စုဝန်ကြီးသည်အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (Emergency Rescue) ခေါင်းစဉ်ဖြင့်ကျင်းပသည့်အစည်းအဝေးသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ဖိတ်ကြားချက်အရတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးကအရေးပေါ်ရှာဖွေကယ်ဆယ်ရေး(Emergency Rescue)သည်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုတွင်အဓိကကျသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊၂၀၂၅ခုနှစ်၊မတ်လတွင်ဖြစ်ပွားခဲ့သည့်မန္တလေးငလျင်ကြီး၏အတွေ့အကြုံများကို မျှဝေခွင့်ရရှိသည့်အတွက်များစွာကျေးဇူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စနစ်ကျသော ဖွဲ့စည်းမှုတို့ ရှိပြီးဖြစ်၍မန္တလေးငလျင်ကြီးတွင်ငလျင်လှုပ်ခတ်ပြီးအချိန်တိုအတွင်း နိုင်ငံတော်အကြီးအကဲ၏ဖိတ်ခေါ်မှုအရတရုတ်နိုင်ငံအပါအဝင်နိုင်ငံပေါင်း (၂၅) နိုင်ငံမှရှာဖွေကယ်ဆယ်ရေးအဖွဲ့များလာရောက်၍ငလျင်ဘေးသင့်ဒေသများတွင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှု အပါအဝင် ငလျင်ဘေးတုံ့ပြန်ရေးဆောင်ရွက်ချက်များ၊ အာဆီယံဒေသတွင်းသဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးလေ့ကျင့်ခန်းများတွင်ပါဝင်လေ့ကျင့်ဆောင်ရွက်ခြင်းနှင့်အဆင့်မြင့်နည်းပညာများအသုံးပြု၍လုပ်ငန်းများဆောင်ရွက်နေမှုများကို ထည့်သွင်းပြော ကြားခဲ့ပါသည်။ထို့နောက်အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ခေါင်းစဉ်များအလိုက် ဆက်လက်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏အကြီးအကဲMr. Justin Brady အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR