​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ချောင်းဝိုင်းလေးရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်၊ ဆိတ်ကြီးအရှေ့ရပ်ကွက်၊ ဆိတ်ကြီးအနောက်ရပ်ကွက်နှင့် ပန်းပင်ချောင်းရပ်ကွက်တို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်    လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၈) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၂၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၇၉၈၀ဝိ/)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၄၈၀ဝိ/) အား (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀)အချိန်တွင်  ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR