၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်း ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြား ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို များနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အသက်ကြီးဆုံးဘိုးဘွား(၃)ဦးအား တစ်ဦးလျှင် အလှူငွေကျပ်(၃၅၀,၀၀ဝိ/-)ကျပ် လှူဒါန်းပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော မုံရွာဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ဂါရဝလက်ဆောင်ပစ္စည်းများနှင့် အလှူငွေ (၃၀,၀၀ဝိ/-)ကျပ်အား ပေးအပ်ခဲ့ပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR