လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှ (၁၅:၄၀) နာရီ အချိန်ထိ အင်းမကျေးရွာအုပ်စုအတွင်းရှိ (ကျုံကဇန်း၊ တာပေါက်၊ တူးချောင်း၊ အင်းမ၊ မှင်ခမွန်၊ ဘီးလင်းနှင့် မလောင်)ကျေးရွာတို့တို့နှင့် အောက်ထုံးကျေးရွာအုပ်စုအတွင်းရှိ (အောက်ထုံး၊ မရမ်းစု၊ အင်းတေးစု၊ သစ်တောစု၊ ကျုံလှ၊ လက်ပန်တန်း၊ စစ်ကုန်း၊ ကိုးအိမ်တန်းနှင့် ဗာမနီး)ကျေးရွာတို့၌ မီးဘေးအသိပညာပေး ဟောပြောခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေး ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ရွေးချယ်ထားသည့် စုစုပေါင်းနေအိမ် (၁၀၀)လုံးစာအတွက် အိမ်ဆောက်ပစ္စည်း (ဝါး) (၂၀၀၀)လုံးနှင့် ဓနိ (၁၅၀၀၀)ဗျစ်တို့အား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR