၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၃) ရက်နေ့၊ (၉:၃၀) နာရီအချိန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင် နှင့် ညွှန်ကြားရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိဌာနခွဲများမှ တာဝန်ရှိသူများ ပြန်လည် ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ဝက်ထီးကန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဖယ်ခုံ၊ မြဝတီ၊ ဘားအံ၊ မူဆယ် စခန်း၊ ဂေဟာများမှ တာဝန်ခံ များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ စခန်း၊ ဂေဟာတာဝန်ခံများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR