မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီတွင်ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲဝင်ရောက်ဖြေဆိုနေသော ကျောင်းသား၊ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကိုပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် မြို့နယ်အလိုက် အခြေခံပညာအထက်တန်းကျောင်းများ၌ စာစီစာကုံးပြိုင်ပွဲများကျင်းပခဲ့ပြီး ယင်းမြို့နယ်အလိုက်ပြိုင်ပွဲများမှ အမှတ်အများဆုံးရရှိခဲ့ကြသော အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈၁)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲအားတိုင်းပြည်အင်အားအမျိုးသမီးစွမ်းပကားခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို ၃.၇.၂၀၂၄ ရက်နေ့တွင်  ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR