လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၌ ယနေ့(၂၃-၆-၂၀၂၃)ရက်၊ သောကြာနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ် စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု စသော မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ပျက်စီးစေပြီး နိုင်ငံအ တွင်းအကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ် ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတု ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ မက်အဖက်တမင်း၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ၁၉၈၇ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ က ဇွန်လ(၂၆)ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ချိန်ကစပြီး ကမ္ဘာ့ နိုင်ငံအသီးသီးနည်းတူ မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇွန်လ(၂၆)ရက်နေ့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက် စပ်ဌာနများ ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆိုင်းဘုတ်များ၊ မှတ်တမ်း ဓာတ်ပုံများ၊ ဗီနိုင်းများဖြင့် အများပြည်သူများ မူးယစ်အန္တရာယ်၏ ဆိုးကျိုးများကို လေ့လာသိရှိနိုင်ရန်နှင့် မူးယစ်ဆေးလုံးဝပ ပျောက်နိုင်စေရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)မှ လက်ထောက်ညွှန် ကြားရေးမှူး၊ ဦးဇော်ထက်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်မိတ်ဖက်  အဖွဲ့အစည်း များမှ  တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊  သင်တန်းသား/သူများ၊ သင်တန်း နည်းပြများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါသင်တန်းအား သင်တန်းသား(၂၀)ဦးဖြင့် (၅)ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းနည်းပြများမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးစခန်းများ၏ လုပ်ငန်း တာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ မူးယစ် ဆေးစွဲရောဂါနှင့်ကုသမှုပုံစံများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့်အန္တရာယ်များအကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ တာဝန်ဝတ္တရားများနှင့်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြုံတွေ့နိုင်သောအခက်အခဲများနှင့် ဆောင်ရွက်ရမည့်နည်း လမ်းများအကြောင်း သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းသား/သူများ၏ သင်တန်းဆင်းလက်မှတ်များ ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက ပေးအပ်ခဲ့ပြီး အခမ်းအနားအား နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR