လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စု၊ ပြင်ရွာကျေးရွာ၌ (၂၉-၅-၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး / ပြိုကျပျက်စီး) ခဲ့သောလူနေအိမ်(၃) လုံးအတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊  အိမ်ထောင်စု(၃)စုမှ ဘေးသင့်ပြည်သူ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၅,၀၀၀/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၅၅,၀၀၀/-)၊ တန်ဖိုး(၁၀၇၆၇၈/-)ရှိကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(စက္ကူပုံး)ပါ(၁)ပုံးတို့အား (၃၁-၅-၂၀၂၅)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။ 

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR