နေပြည်တော်၊ ဇွန် ၉
(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် 
စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များ၏ 
ဒုတိယနေ့အစည်းအဝေးကို (၉-၆-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) 
နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ 
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် 
သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးရုံးနှင့် 
AHA Centre မှ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် 
ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ 
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ 
ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် 
ပတ်သက်၍ AADMER Work Programme (2021-2025)နှင့်အညီ 
အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ 
အာဆီယံသဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာရန်ပုံငွေ 
စီမံခန့်ခွဲရေးကိစ္စများ၊ အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ 
(ACDM)နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ တို့အကြား 
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ 
သီးခြားစီနားလည်မှု စာချွန် လွှာရေးထိုးပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊
 အာဆီယံ-ကိုရီးယား၊ အာဆီယံ-ရုရှား၊ အာဆီယံ-ကုလသမဂ္ဂအဖွဲ့အစည်းများအကြား 
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ပူးပေါင်း 
ဆောင်ရွက်နိုင်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
Source:  DDM
            
          




