လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၈-၇-၂၀၂၂) ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ အုန်းပင်ကွင်းကျေးရွာအုပ်စု၊‌ ရေပြန်ရွာသစ်ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် ပြောင်းရွှေ့အိမ်‌ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌‌ထောက်ပံ့‌ငွေ(၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊ (၁၂-၇-၂၀၂၂)ရက်နေ့တွင် အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန်အရှေ့ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှု‌ကြောင့် ပြောင်းရွှေ့အိမ်‌ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၆,၈၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၁၈-၇-၂၀၂၂) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR