ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ပလူးကျေးရွာအုပ်စုနှင့် ကင်မွန်းခြုံကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၇)လုံးပြိုကျခဲ့ပြီး၊ အိမ်ခြေ(၅၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေ(၇၂)လုံးမှ အိမ်ထောင်စု(၇၂)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄,၅၀၀, ၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၅၆,၅ဝဝ/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR