၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လူမှုရေးပင်စင်ထောက်ပံ့ရေးအတွက် အသိပညာပေးခြင်း အခမ်းအနားကို ၈-၅-၂၀၂၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ နံနက် ၀၉း၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်ကြီးမြို့နယ် လူမှုဝန်ထမ်းရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိက အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လူမှုရေးပင်စင်ထောက်ပံ့ရေးအတွက် စာရင်းကောက်ယူရာ တွင် သိရှိလိုက်နာရမည့် အချက်များကို ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်/ ကျေးမှ တာဝန်ရှိသူများက သိရှိလိုသည်များအား မေးမြန်းဖြေကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR