လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃/၁၄--၂၀၂၃)ရက်​နေ့တွင် မိုးရွာ သွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဖိုး​ရွှေမြကုန်းရှိ ပြိုကျပျက်စီး​နေအိမ် (၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ဖိုးထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၆)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၅၀,၀၀ဝ/-)ကျပ်၊ ​ကမ်းနီ​ကျေးရွာအုပ်စု၊ ကမ်းနီ ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ ရွာသစ်အုပ်စု၊ ကွင်း​ပေါက်​ကျေးရွာရှိ တစ်စိတ် တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၉၀,၀၀ဝ/-)ကျပ်၊ စုစု​ပေါင်းအိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၆၄၀,၀၀ဝ/-)ကျပ်၊ ​ဘေးသင့်လူဦး​ရေ (၅၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၁၀၉,၂၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၇၄၉,၂၀ဝ/-) ကျပ် တိတိအား (၁၅--၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ ပူး​ပေါင်း၍ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR