မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားရှိသော ဘိုးဘွားရိပ်သာများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က ဘိုးဘွားရိပ်သာ (၄) ခုမှ တာဝန်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်ကာ တောင်ဝိုင်းဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဝင်တစ်ဦးက ဘိုးဘွားရိပ်သာများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။







နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR