၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး ဒေါ်ညိုမီစော (ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက) ၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းလွင်ဦး နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေး တက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း အင်အား (၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ မြန်မာအမျိုးသမီးများနေ့ အကြိုဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာအမျိုးသမီးများနေ့ အကြိုစာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး (ထူးချွန်ဆု)ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခြင်းအပြင် မြန်မာအမျိုးသမီးများနေ့ သီချင်းဖြင့်လည်းကောင်း၊ အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး (၁၁း၀၀) နာရီအချိန်တွင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR