မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် အစီရင်ခံစာရေးသားရေးအဖွဲ့ဝင် များ တက်ရောက်ကြပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် ပေါင်းစည်းလူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ နှစ်ပတ်လည်အစီရင်ခံစာရေးသားရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အစိုးရသည် မသန်စွမ်းသူများကို ပစ်ပယ်မထားဘဲ တာဝန်ရှိသည်ဟု ခံယူ၍ မသန်စွမ်းသူ များအတွက် ဆောင်ရွက်ပေးနေသည့် အချက်အလက်များကို ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများပါ သိရှိစေရန် ရည်ရွယ်၍ အမျိုးသားကော်မတီနှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ဝေ လျက်ရှိပါကြောင်း၊ ပထမအကြိမ်နှစ်ပတ်လည်အစီရင်ခံစာနှင့် ဒုတိယအကြိမ်နှစ်ပတ်လည်အစီရင်ခံစာ တို့ကို (မြန်မာ၊ အင်္ဂလိပ်) နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြပေးရန်နှင့် ပြည့်ပြည့်စုံစုံဖြင့် အရည်အသွေးကောင်းမွန် သည့် အစီရင်ခံစာအဖြစ် ထုတ်ဝေနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းက နှစ်ပတ်လည်အစီရင်ခံစာ စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မူကြမ်းပြုစုဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြမည့် ဥယျောဇဉ်နှင့် အမှာစကား (မူကြမ်း) တို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် တတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာကို ဩဂုတ်လအတွင်း ပုံနှိပ်ထုတ်ဝေနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှစ်ပတ်လည် အစီရင်ခံစာရေးသားရေး အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR