လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃)ရက်​နေ့တွင် မိုးရွာသွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ်(၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁၁၀,၀၀ဝ/-)၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၃၀,၀၀ဝ/-)၊ ​ရွှေမြင်တင် အုပ်စု၊ ဝါးယား​ချောင်း​ကျေးရွာနှင့် ဇင်ပြွန်းကုန်းအုပ်စု၊ ဓနုံး​ချောင်း​ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေး ပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ စုစု​ပေါင်းအိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၅၄၀,၀၀ဝ/-)၊ ​ဘေးသင့် လူဦး​ရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၇၃,၅၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ်(၆၁၃,၅၀ဝ/-)တိတိအား (၁၄-၃-၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့နယ်စီမံအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူပူး​ပေါင်း၍ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။



Source: DDM




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR