(၂၇.၇.၂၀၂၁)ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် ရိပ်သာကျောင်းယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၇)စု၊  လူဦးရေ(၄၆)ဦး၊ ချောင်းကြီးဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃)စု၊ လူဦးရေ(၁၂)ဦး၊ တပ်ဦး(အမက)ကျောင်းယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၁ စု၊ လူဦး ရေ ( ၆)ဦး၊ ပျို့အိုင်ကျေးရွာမူလွန်ကျောင်းယာယီကယ်ဆယ်ရေးရှိ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၁၇)ဦး၊ မြေမအုံ့ကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေးစခန်းသို့ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၆)စု၊ စုစုပေါင်းလူဦးရေ (၈၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၄,၈၀၀ိ/-)ကျပ်အား(၃၀.၇.၂၀၂၁)ရက်နေ့(၁၁း၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဝေငှခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR