လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ဦးစီးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၁၂)စု၊ ကျေးရွာ (၁၄) ရွာ၌ (၁၄/၁၅/၁၆-၅-၂၀၂၃)ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးမှ ပြိုလဲပျက်စီးလူနေ အိမ်(၁)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ် (၁၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၃၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁၆)စုရှိ လူဦးရေ (၅၀)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၅,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း  ထောက်ပံ့ငွေ (၉၃၅,၀၀ဝ/-)ကျပ်နှင့် ပြိုလဲပျက်စီးလူနေအိမ်(၁) လုံးရှိ အိမ်​ထောင်စု(၁)စုအတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရပစ္စည်း (၁၇) မျိုး (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၁၇-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR