တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ငွေကျပ်(၄၅)သိန်း၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ဝန်ထမ်းမိသားစုမှငွေကျပ်(၂၀)သိန်း၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှငွေကျပ်(၂၀၁)သိန်း၊  ဦးအောင်သိုက် Managing Director, Myanmar New Power Investment Group Co,Ltdငွေကျပ် (၁၀၀)သိန်း၊Myanmar Development Strategic Research Organization  ငွေကျပ်(၁၀၀)သိန်း၊စုစုပေါင်းငွေကျပ် (၄၆,၆၀၀,၀၀၀)နှင့်၊ဒေါက်တာနန္ဒာမွှန်း၊(ဒုတိယဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ငွေကျပ်(၃)သိန်းတန်ဖိုးရှိမုန့်ပုံး(၅)ပုံးပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR