တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ငွေကျပ်(၄၅)သိန်း၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ဝန်ထမ်းမိသားစုမှငွေကျပ်(၂၀)သိန်း၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှငွေကျပ်(၂၀၁)သိန်း၊  ဦးအောင်သိုက် Managing Director, Myanmar New Power Investment Group Co,Ltdငွေကျပ် (၁၀၀)သိန်း၊Myanmar Development Strategic Research Organization  ငွေကျပ်(၁၀၀)သိန်း၊စုစုပေါင်းငွေကျပ် (၄၆,၆၀၀,၀၀၀)နှင့်၊ဒေါက်တာနန္ဒာမွှန်း၊(ဒုတိယဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ငွေကျပ်(၃)သိန်းတန်ဖိုးရှိမုန့်ပုံး(၅)ပုံးပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR