လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်အင်္ဂပူမြို့နယ်၊​​​ နောက်မီးကျေးရွာအုပ်စု၊ မကျီးစု ကျေးရွာတွင်(၁၃-၁၀-၂၀၂၂)နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စုရှိလူဦးရေ(၅)ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၁၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးကျပ်(၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ်(၁၁၀,၅၀ဝိ/-)နှင့် Surgical Mask (၁၀)ခု တို့ကို (၁၄-၁၀-၂၀၂၂)ရက်နေ့၊ (၁၅:၀၀)အချိန်တွင်‌ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR