မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင် ၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်၊ ၁၇-၄-၂၀၂၆ ရက်၊ ညနေ (၅း၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး ၍ မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၂၀) ဦး၊ မကွေးမြို့ပေါ်ရပ်ကွက် (၁၅) ခုတို့မှ ဘိုးဘွား (၄၅)ဦး စုစုပေါင်းကန်တော့ခံဘိုးဘွား(၆၅)ဦးတို့ဖြင့် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြီး အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံ တပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကန်တော့ခံဘိုးဘွားများသို့ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများအား အသီးသီးလှူဒါန်းပေးအပ် ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ညနေ(၆း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR