ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်းများ၏ Computer စွမ်းရည်မြင့်မားရေးအတွက် Computer Basic and Networking သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကိုယနေ့၊ နံနက် (၉:၃၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးချင်းစီ၏ Capacity ကိုမြှင့်တင်ရန်အတွက် ယခုလိုသင်တန်းများ ဖွွင့်လှစ်ပြီး သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီတိုင်းသည် မိမိကျွမ်းကျင်သည့် အရည်အချင်း များရှိကြသဖြင့် မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် Computer နှင့် အချိန်ပြည့်ရုံးလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် Computer Basic သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် ITနှင့် စပ်လျဉ်းသည့် အခြေခံဗဟုသုတသိထားဖို့လိုအပ်ပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ တတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့ဖွင့်လှစ်သည့် Computer Basic and Networking သင်တန်းကို အရာထမ်း၊အမှုထမ်း စုစုပေါင်း သင်တန်းသား (၃၀)ဦးတက်ရောက်၍ သင်တန်းကာလအနေဖြင့် (၂)ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR