လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဘူတာ ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ဂေါ့ကျေးရွာအုပ်စု၊ ကျွဲဘုတ်ကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာအုပ်စု၊ အထရောင်ကျေးရွာအုပ်စု၊ ဒိုက်အင်းကျေးရွာအုပ်စုနှင့်တဘူးရေသိုးကျေးရွာအုပ်စုတို့တွင် (၁၄.၁၀.၂၀၂၂)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်း နေအိမ် (၂၉)လုံး၊ စုစုပေါင်းနေအိမ်(၃၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၀၇၀,၀၀ဝိ/-)၊ လူဦးရေ (၁၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉၄,၀ဝဝိ/-)၊နှင့် ကယ်ဆယ်ပစ္စည်း(၁၇)မျိုးပါ(၂)ပုံးတို့အား (၂၆-၁၀-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ ထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR