မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

 

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်သူများအတွက် AHA Centre မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့မှ ASEAN – ERAT အဖွဲ့ဝင်(၁၄)ဦး ရခိုင်ပြည်နယ်တွင် ကွင်းဆင်းစစ်တမ်းကောက်ယူမှုနှင့်စပ်လျဉ်း၍ AHA Centre အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးကို (၂၆-၅-၂၀၂၃)ရက်နေ့၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့။

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

  

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၁၄၃၅၂၈) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၅)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၈၇ % ရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၆၇၉၀) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၅၃၆) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃၁၈)လိပ်၊ မိုးကာတဲ (၇၉၁)လုံး၊ သွပ် (၂၄၀၉၇၆)ချပ်၊ သွပ်သံ (၈၃၅၀)ပိဿ၊ အိမ်ရိုက်သံ (၄၂၅၆၉.၉)ပိဿ၊ ချိန်းဆော (၄၄)လက်၊ ခေါက်ဆွဲခြောက် (၂၀၈၈၃၀)ထုပ် ဆန် (၂၁၈၀၇)အိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ ခေါက်ဆွဲခြောက် (၃၀၀၀၀)ထုပ်မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် မိုးကာတဲ (၅၂၆)လုံးနှင့် သစ်ခွဲသား (၁၆၄၁.၅) တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန်အတွက် အိမ်ရိုက်သံ (ဆိုဒ်စုံ) (၄၅)တန် ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် Disaster Kit (၂၂၀)ပုံး၊ Emergency Light (၉၀၀)ခု၊ IEHK (၁၁၄)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုချင်းပြည်နယ်အတွက်  Disaster Kit (၈၀)ပုံး၊ Emergency Light (၁၀၀)ခု၊  IEHK (၂၄)ပုံး၊ ဧရာဝတီတိုင်းဒေသကြီးအတွက် Disaster Kit (၅၄၉)ပုံး၊ IEHK (၁)ပုံး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ IEHK ()ပုံး၊ မကွေးတိုင်းဒေသကြီးအတွက် Disaster Kit (၁၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၁ ဦး

 

နေအိမ်ပျက်စီး  -  ၂၆၂၃၆၉ လုံး

 

စာသင်ကျောင်း  -  ၁၈၃၄ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၃၈ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၈၇ ခု

 

တာဝါတိုင်    -  ၁၄ တိုင်

 

ဓာတ်တိုင်   -  ၈၄၈၇ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၃၈၄၅၅၂ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၃၁၁၀.၃၇၄)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏အကြီးအကဲMr. Justin Brady အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR