မွန်ပြည်နယ်၊ မော်လမြိုင်မြို့                                        ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

             အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

              အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်သက်ဆိုင်သော video clip ပြသခြင်း၊ ဖြူစင်အိမ်လူမှုအဖွဲ့အစည်းမှ ‘‘ငြိမ်းချမ်းရေးလမ်းသာ’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ၂၀၂၀ ပြည့်နှစ်    Online    ပြိုင်ပွဲတွင်  ပထမဆုရရှိခဲ့သော  အမျိုးသမီးများအပေါ်      အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ်  video clip   ပြသခြင်းနှင့်  စုပေါင်းမှတ်တမ်းတင်    ဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

              အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ NGOs, INGOs များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR