(၁၇.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မန္တလေးလူငယ်သင်တန်းကျောင်းခန်းမ၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်၊ စာရေးဆရာများအားဖိတ်ကြား၍ မန္တ‌လေးလူငယ်သင်တန်းကျောင်းရှိ လူငယ်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အေးရိပ်ငြိမ်ဂေဟာတွင် အသိပညာပေးဆောင်ရွက်ရန်ကိစ္စများ ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးကို အောင်မြေသာစံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR