လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးနှင့်ဦးစီးဌာန(၃)ခုတို့မှဝန်ထမ်းများ၏သားသမီးများအနက်၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား/ ကျောင်းသူများအားပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်ပညာသင်ကြားမည့်ကျောင်းသား/ ကျောင်းသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာအခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အရာထမ်း၊အမှုထမ်းများနှင့်ကျောင်းသား/သူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနတစ်ခုလုံးရှိဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့်(၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၁)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊စုစုပေါင်းဂုဏ်ထူးရကျောင်းသား/သူ (၆)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၂၂)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မူလတန်းအဆင့် (၇၃၉)ဦး၊အလယ်တန်းအဆင့် (၂၃၅)ဦး၊အထက်တန်းအဆင့်(၁၆၆)ဦး၊တက္ကသိုလ်တက်ရောက်သူ (၃၃၆)ဦးစုစုပေါင်းကျောင်းသား/ကျောင်းသူ(၁၄၇၆)ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍(၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် (၁) ဘာသာ ဂုဏ်ထူးရှင် (၄)ဦးစုစုပေါင်း ဂုဏ်ထူးရကျောင်းသား/သူ (၆)ဦးနှင့်တက္ကသိုလ်တက်ရောက်နေသူများအားပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊အထက်တန်းတက်ရောက်နေသူကျောင်းသား/သူများအားပြည်ထောင်စုဝန်ကြီး၏ဇနီးကလည်းကောင်း၊အလယ်တန်းအဆင့်ကျောင်းသား/သူများအားဒုတိယဝန်ကြီးဦးစိုးကြည်ကလည်းကောင်း၊မူလတန်းအဆင့်ကျောင်းသား/ သူများအားဒုတိယဝန်ကြီးဒေါက်တာသန်းစိုးကလည်းကောင်းပညာသင်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ပညာသင်ထောက်ပံ့ကြေးငွေများကိုနှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင်အပါအဝင်ဂုဏ်ထူးရကျောင်းသား/သူ(၆)ဦး၊ရိုးရိုးအောင်မြင်သူ(၂၂)ဦး၊၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက်တက္ကသိုလ်တက်ရောက်သူကျောင်းသား/ သူ(၃၃၆)ဦး၊အထက်တန်းကျောင်းသား/သူ (၁၆၆)ဦး၊အလယ်တန်းကျောင်းသား/သူ (၂၃၅)ဦး၊မူလတန်းကျောင်းသား/သူ (၇၃၉)ဦး၊စုစုပေါင်းကျောင်းသား/သူ(၁၅၀၄)ဦးအတွက်ငွေကျပ် (၂၉,၂၃၅,၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR