အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို (၂၅.၁၁.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၅၂)ဦးတက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ Break the Chain သီချင်းဖြင့် အမျိုးသမီးငယ်များက ကပြဖျော်ဖြေခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး Video Clip ကို ပြသခဲ့ပါသည်။

    ထို့နောက် GBV (Gender Base Violence) အသိပညာပေးအစီအစဉ်တွင် တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက Gender Base Violence များကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ကျား၊မအခြေပြုအကြမ်းဖက်မှုများ (Gender Base Violence)နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး၊ တရားဉပဒေရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR