၁။                ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) နှင့်ပူးပေါင်း၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူ/သားများ၊ မသန်စွမ်း သူများနှင့် လူကုန်ကူးခံရသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိသည့် အကူအညီအထောက် အပံ့များ ပြည့်ဝစွာရရှိရေးအတွက် ဝန်ဆောင်မှုအထောက်အပံ့ရယူသည့် ပြည်သူများ၏ တယ်လီဖုန်း နံပါတ်များသို့ Short Code နံပါတ် “ 1111 ” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း သည့် မေးခွန်းများ မေးမြန်းခြင်း၊ ပြည်သူများမှ အကြံပြုဖြေကြားမှုများအပေါ် အလေးထားလိုက်နာ ၍ ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။                အများပြည်သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပေးပို့ မေးမြန်းသော မေးခွန်းများအပေါ် ကူညီပူးပေါင်းပါဝင်ဖြေဆိုပေးနိုင်ပါရန်နှင့် ပြည်သူများ အနေ ဖြင့်လည်း သက်သာသောနှုန်းထားများဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေး Operator များနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR