မွန်ပြည်နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌  ၂၉.၇.၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး    ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက   မွန်ပြည်နယ်အတွင်း အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ ဌာနအလိုက် အမျိုးသမီးကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်တင်ပြပြီး၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

အစည်းအဝေးသို့ မွန်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊   အတွင်းရေးမှူးနှင့်  အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးများ စုစုပေါင်းအင်အား (၃၀) ဦး  တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR