၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် စင်္ကာပူနိုင်ငံ၊ Resorts World Sentosa Convention Centre ၌ ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Summit 2022 သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၏ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် Digital Trust Forum ကို ကျင်းပရာ ဒေသတွင်းနှင့် နိုင်ငံတကာက IT ပညာရှင်များ၊ တက္ကသိုလ်များက ပညာရှင်များ၊  နည်းပညာအသုံးပြုသည့် ကုမ္ပဏီတို့မှ CEO, CFO နှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ ယုံကြည်မှု အပေါ်ခေါင်းစဉ် (၁၄) ခု ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ Summit ၏ ညပိုင်း Gala Dinner တွင် ASOCIO Digital Government Award 2022 အား ပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုရေး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် Social Management Information System (SMIS) ၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းစနစ် (Case Management Information System-CMIS) အား ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 အားရရှိခဲ့ပါကြောင်းနှင့် ဆုချီးမြှင့်မှုမပြုမီ ဆုလက်ခံကြောင်း ပြည်ထောင်စုဝန်ကြီး၏ ဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြီး ဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆုလက်ခံခဲ့ပါသည်။ ဆုလက်ခံအပြီးတွင် ASOCIO အသင်းချုပ်၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် ကျင်းပသည့် ASOCIO Digital Summit တွင် နိုင်ငံပေါင်း (၁၄) နိုင်ငံက Digital Government Award အပါအဝင် ဆုပေါင်း (၅၄) ခု ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

   CMIS Software Platform သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ဖြစ်ရပ်များအား လူမှုရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ စနစ်တကျ သုံးစွဲနိုင်ရန် ရေးဆွဲထားသော Digital Platform ဖြစ်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်နိုင်ပြီး ဖြစ်ရပ်များလွှဲပြောင်း ချိတ်ဆက်နိုင်ခြင်း၊ ဖြစ်ရပ်အလိုက် မှတ်တမ်းတင်နိုင်ခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏အကြီးအကဲMr. Justin Brady အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR