ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်သက်ရောက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ထိခိုက်ခံစားရသော မြို့နယ်များရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးနိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်မည့်အဖွဲ့ဝင်များသည် ၂၅.၄.၂၀၂၅ရက်မှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြို့နယ်များသို့ နေပြည်တော်လူမှုဝန်ထမ်းရုံးနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR