အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၈.၃.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များအား Video Clip ပြသပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မုံရွာမှ ကျောင်သူတစ်ဦးနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ မုံရွာမှသင်တန်းသူလေးများက ကပြဖျော်ဖြေခဲ့ပါသည်။   





နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR