လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၃) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင်  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ခြောက်အိမ်တန်းကျေးရွာတွင် နေထိုင်သော  ဦးအောင်ကိုဇော် ထင်းခုတ်သွားရောက်စဉ် တောဆင်ရိုင်းတစ်ကောင်မှအစွယ်ဖြင့် လိုက်လံထိုးခဲ့သဖြင့်  ညာဘက်ခြေထောက်ကျိုးပဲ့ဒဏ်ရာရရှိ၍ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်နေသူ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ် (၆-၃-၂၀၂၃) ရက်နေ့  (၁၁:၄၅) အချိန်နာရီတွင်  မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။


Source: DDM



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR