၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ၂၉-၉-၂၀၂၃ရက်၊နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအနက်(၃၃)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၈၁)ဦးတို့ကဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊မညီမျှမှုတွေတိုက်ဖျက်စို့” “Fighting Inequality For A Resilient Future”ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်အတူဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ပညာရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီးပထမဆု၊ဒုတိယဆုနှင့်တတိယဆုရရှိသူများအား၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့တွင်ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR