စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်းကို ပဲခူးမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်း၌ ၁၇.၈.၂၀၂၅ ရက်တွင် ကျင်းပရာ ပဲခူးမြို့နှင့် အနီးတဝိုက်ရှိ ဘိုးဘွားရိပ်သာ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ စေတနာမူလတန်းညကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် အစိုးရမူလတန်းကြိုကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများကို  (၁) ရက်တာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR